Home
မြန်မာသတင်း
ကသာမြို့နယ်တွင် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
February 5, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နဲ့ ခြောက်မိုင်ခန့်အကွာ ကသာ-အင်းတော်သွား ကားလမ်း လမ်းခွကျေးရွာအနီး လမ်းအသုံးပြုခ ကောက်ခံတဲ့ မောင်းတံဂိတ်မှာ ကျပ် ၂၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူ တွေ ဖမ်းဆီးမိခဲ့ပါတယ်။ ကသာမြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု ၆ ဖွဲ့ တပ်ကြပ်ကြီး အောင်ဇော်လတ် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ်ပိုင်းက မောင်းတံဂိတ်မှာ စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ကသာမြို့မရဲစခန်းက ပြောပါတယ်။ သတင်းအရ ကသာမြို့နယ် ဆိပ်သာကျေးရွာနေ ပေါက်စ (ခ) ဝင်းမြင့် စီးနှင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာရာက အစိမ်းပျောက်ပါ အဖြူရောင် လွယ်အိတ်အတွင်းမှာ အဝါရောင်တိတ်တွေ ပတ်ထားတဲ့ ဘိန်းဖြူ အမှုန့် အဖြူရောင် အလေးချိန် ၁၁ ဂရမ်လောက်ပါ ပန်းနုရောင် ဆပ်ပြာခွက်နှစ်ခွက် စုစုပေါင်း (၂၂) ဂရမ်၊ ကာလတန်ဖိုး ၂၂ သိန်းကျပ်ဖိုးလောက် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ မူးယစ်ဆေး လက်ဝယ်ကိုင်ဆောင်ထားရှိသူ ပေါက်စ (ခ) ဝင်းမြင့်ကို (ပ)၆/၂၀၁၆ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဥပဒေ ပုဒ်မ ၁၅/၁၉ (က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ကသာမြို့မ ရဲစခန်းက ပြောပါတယ်။ ကသာခရိုင်အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူဦးရေ တနေ့တခြား များပြားလာနေသလို မကြာခဏ ဖမ်းဆီးရမိမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ မူးယစ်ဆေးဝါး အများဆုံး သယ်ဆောင်ရာ လမ်းကြောင်းဖြစ်တဲ့ ကသာခရိုင်နဲ့ ဆက်စပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ် နယ်စပ် မိုးမိတ်၊ ခေါတော၊ ယမ်းဘို၊ ရွှေလီ၊ မဘိန်း မြို့နယ်အချို့နဲ့ ကျေး/ရွာ ထွက်ပေါက်တွေကို တင်းကြပ်စွာ စောင့်ကြည့်ပြီး မူးယစ်ဆေး ကင်းစင်အောင် ဆောင်ရွက်ဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ သတင်းဓာတ်ပုံ - သီဟဆွေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024