ကေအိုင်အေနှင့် မြန်မာအစိုးရတပ်အကြား တိုက်ပွဲထပ်ဖြစ်နေ
DVB
·
July 29, 2011
ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်ကစလို့ မိုးမောက်မြို့နယ်အတွင်း ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်နေ တယ်လို့ လိုင်ဇာကလာတဲ့သတင်းတွေအရ သိရပါတယ်။
ဗန်းမော်ကနေ ဆန်ရိက္ခာတွေသယ်ဆောင်ပြီး မိုးမောက်မြို့နယ်၊ ဒွန်ဘုံတပ်စခန်းမှာ ရှိနေတဲ့ မြန်မာစစ်တပ်ရှေ့တန်းစခန်းကို ပို့ဆောင်ဖို့ ထွက်လာတဲ့ စစ်ကား ၂ စီးကို ကေအိုင်အေတပ်ဖွဲ့က ကြားက ဖြတ်တိုက်တာလို့ ကေအိုင်အေနဲ့ နီးစပ်သူ ဒေသခံတဦးက အခုလို ပြောပါတယ်။
“ဗန်းမော်ကနေ ဒွန်ဘုံကို ရိက္ခာပို့တာ။ အခုဖြစ်နေတဲ့နေရာက ဝဝမ်ကွန်ဘန်တဲ့။ ဒွန်ဘုံမှာကျတော့ ထမင်းမစားရတဲ့သူတွေ ရှိနေတယ်တဲ့။ ရိက္ခာပြတ်နေပြီပေါ့။ အခုက ဗမာစခန်း၊ ဒွန်ဘုံကို ရိက္ခာသွားပို့တာ။ ဆန်တွေပေါ့။ ဝဝမ်ကွန်ဘန်မှာ တိုက်နေတာ အခု။ အခုလည်း တိုက်ပွဲဖြစ်နေတုန်းတဲ့။
ကေအိုင်အေအဖွဲ့က ရိက္ခာပြတ်နေတဲ့ ဒွန်ဘုံစခန်းက မြန်မာစစ်သားတွေ ရိက္ခာမရနိုင်အောင် လမ်းကနေ ဖြတ်တိုက်နေတာဖြစ်ပြီး ဗန်းမော်ဘက်ကနေ ထွက်လာတဲ့ စစ်ကူတွေနဲ့လည်း ထပ်ပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေတွေတော့ မသိရသေးပါဘူး။