Home
မြန်မာသတင်း
ဇီကာဗိုင်းရပ်စ်ကာကွယ်ရေး လူထုလှုပ်ရှားမှု တနိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်မည်
DVB
·
February 5, 2016
ကမ္ဘာ့နိုင်ငံတချို့မှာ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့ ဇီကာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ချက်တွေကို  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီရောဂါမကူးစက်စေရေး အကောင်းဆုံးကာကွယ်နည်းလမ်းတွေအဖြစ် နေအိမ်၊ ကျောင်းနဲ့ ရုံးတွေတိုင်းမှာ  ခြင်ကျားပိုးလောက်လမ်းတွေကို နှိမ်နင်းဖို့နဲ့ ခြင်ကိုက်မခံရအောင် နေထိုင်ဖို့ တွေကို အသိပေးနှိုးဆော်ချက်မှာ အသေးစိတ်ဖော်ပြပါတယ်။ ကာကွယ်ရမယ့် နည်းလမ်းတွေထဲမှာ ရေလှောင်ထားတဲ့ အိုးခွက်တွေထဲ ခြင်တွေ ၀င်မဥနိုင်ဖို့ ဖုံးအုပ်ထားဖို့၊ ခြင်ကျားလောက်လမ်းတွေရှိတဲ့ ရေတွေကိုသွန်ပစ်ဖို့ ၊ ပန်းအိုးရေကိုတပတ် နှစ်ကြိမ်လဲလှယ်ဖို့၊ ရေကိုရေစစ်နဲ့ထည့်ဖို့၊ အိမ်အတွင်းအပြင် ခြင်တွေမခိုနိုင်အောင် သန့်ရှင်းစွာ ထားပြီး ချုံတွေကို ရှင်းဖို့ စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ခြင်ကိုင်မခံရအောင် ခြင်ဆေးလိမ်းတာ၊ အင်္ကျီဘောင်းဘီ လက်ရှည်တွေ ၀တ်ဆင်တာ၊ နေအိမ်ခြင်လုံဆန်ခါတွေ တပ်တာနဲ့ ဆေးစိမ်ခြင်ထောင်တွေ အသုံးပြုဖို့လည်း အကြံပြု ထားပါတယ်။ 12650783_10153778251231597_9194782288404088031_n (1)ဇီကာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအ တွက် ဖေဖော်ဝါရီ ၄ ရက်က နေပြည်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနက အရာရှိတွေ စည်းဝေးပြီး  ရောဂါစောင့်ကြပ် ကြည့်ရှုစနစ် အရှိန်မြှင့်ဆောင် ရွက်ဖို့၊ ခြင်ကျားလောက် လန်းနှိမ်နင်းရေးကို လူထုလှုပ်ရှားမှု ရက်သတ္တပတ် ပုံစံနဲ့ တနိုင်ငံလုံးအတိုင်း အတာ ဆောင်ရွက်ဖို့၊ ဇီကာရောဂါဆိုင်ရာ ဆေး ပညာ နှီးနှောဖလှယ်ပွဲ အမြန်ကျင်းပဖို့နဲ့ ရောဂါကြို တင်ကာကွယ်ရေး ပြည်သူ တရပ်လုံးပါဝင် လာအောင် ဆောင်ရွက် ဖို့တွေ ဆွေးနွေးဆုံးဖြတ်ခဲ့ တယ်လို့ နိုင်ငံပိုင်သတင်း စာ မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဇီကာရောဂါ လူနာကို မတွေ့ရှိရသေးပေမယ့်  ဇီကာဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင် တဲ့ အေးဒီးစ် ခြင်တွေဟာ  မြန်မာနိုင်ငံအနှံ့ ရှိနေတာကြောင့် ဇီကာရောဂါလူနာ တဦး ရောက်ရှိလာတာနဲ့  တနိုင်ငံလုံးကို ပျံ့နှံ့ ရောက်ရှိသွားနိုင်တယ်လို့လည်း သတင်းမှာ ရေးပါတယ်။ ဇီကာဗိုင်းရပ်စ်ရောဂါပိုးကို ၁၉၇၄ ခုနှစ်ကတည်းက ယူဂန္ဓာနိုင်ငံရှိ မျောက်တွေမှာ စတင်တွေ့ရှိကာ ၁၉၅၂ ခုနှစ်မှာ ယူဂန္ဓာနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာ လူကိုကူးစက်မှု ရှိခဲ့ပါတယ်။ မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ၂၀၁၂ က စတင်ဖြစ်ပွားပြီး ၂၀၁၄ ထိ ဖြစ်ပွားသူ ၇ ဦးရှိပါတယ်။ လက်ရှိ ဘရာဇီးနိုင်ငံအပါအ၀င် တောင်အမေရိကတိုက်နိုင်ငံတွေမှာ ဒီရောဂါ  အဓိက ကူးစက်ပျံ့နှံ့ ဖြစ်ပွားနေပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဒီရောဂါနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူမှာ ဖျားတာ၊ အနီအကွက်အစက်တွေထွက်တာ၊ မျက်စိနာ၊ ကြွက်သားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲ့တဲ့ ရောဂါလက္ခဏာတွေခံစားရ‌ပြီး အသက် အန္တရာယ် မ၇ှိပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဖြစ်ပွားရင်  ဦးနှောက်သေးငယ်တဲ့ ကလေးငယ်တွေ မွေးဖွားနိုင်တယ်လို့ စိုးရိမ်ချက်တွေရှိနေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024