အာကာသယာဉ်မှူး ၂ ဦး စခန်းအပြင်ဘက်တွင် ၅ နာရီခန့် သုတေသနပြုလုပ် (ရုပ်သံ)

နိုင်ငံတကာ အာကာသစခန်းကို ရောက်ရှိနေကြတဲ့ ရုရှားအာကာသယာဉ်မှူး ၂ ဦး ဖေဖော်ဝါရီ ၃ ရက်နေ့က အာကာသစခန်းအပြင်ဘက်ထွက် လမ်းလျှောက်ပြီး သုတေသနလုပ်ငန်းတချို့ ဆောင်ရွက်ခဲ့ကြပါတယ်။ ၅ နာရီခွဲကြာ အာကာသလမ်းလျှောက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ၄၅ မိနစ်လျှော့ပြီး ၄ နာရီနဲ့ ၄၅ မိနစ်ကြာပဲ လမ်းလျှောက်ခဲ့ကြပါတယ်။ ရုရှားအာကာသအင်ဂျင်နီယာ ၂ ဦးက ခက်ခဲကြမ်းတမ်းတဲ့ အာကာသစခန်း အပြင်ဘက် သဘာဝအခြေအနေမှာ ဇီဝနဲ့ ဇီဝဓာတုပစ္စည်းတွေ ခံနိုင်ရည်ကို သုတေသန လုပ်ကြပါတယ်။ နိုင်ငံတကာ အာကာသစခန်း၊ ရုရှားနိုင်ငံဘက်အခြမ်း အပြင်ဘက်မျက်နှာပြင်ကို ပြန်ပြီးမွမ်းမံဖို့ ခံနိုင်ရည်ရှိတဲ့ သုတ်ဆေးနမူနာကိုလည်း သုတေသန လုပ်ခဲ့ကြတယ်လို့ အမေရိကန် အာကာသအေဂျင်စီ နာဆာက ပြောပါတယ်။ ဗြိတိန်အာကာသယာဉ်မှူး Tim Peake ကတော့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဗြိတိန်နိုင်ငံက ကျောင်းသားလူငယ် ၁၀၀ ကျော်နဲ့ နိုင်ငံတကာ အာကသစခန်းကနေ ရုပ်သံနဲ့ တိုက်ရိုက်ချိတ်ဆက်ခဲ့ပြီး ကျောင်းသားတွေ သိလိုတဲ့ အာကာသသိပ္ပံဆိုင်ရာ မေးမြန်းချက်တွေကို လက်တွေ့ဖြေကြား ပြသခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up