Sunday, June 11, 2023
HomeLead Storyဘရာဇီးတွင် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှု အိုလံပစ်ကျင်းပရေးကော်မတီ စိုးရိမ်

ဘရာဇီးတွင် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှု အိုလံပစ်ကျင်းပရေးကော်မတီ စိုးရိမ်

ဘရာဇီးနိုင်ငံမှာ ဇီကာ (Zika) ဗိုင်းရပ်စ် အလျှင်အမြန် ပျံ့နှံ့နေတာကြောင့် အိုလံပစ် ကျင်းပရေး ကော်မတီက စိုးရိမ်နေပါတယ်။

အမေရိကဒေသ နိုင်ငံတွေမှာ ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်ပြီး သြဂုတ်လ အိုလံပစ်ကို လာမယ့် ပရိသတ်ဦးရေလည်း နည်းပါးနိုင်တယ်လို့ ဘရာဇီး အရာရှိတွေက ခန့်မှန်းထားပါတယ်။

နှစ်စဉ် ဘရာဇီးမှာ ဇီကာဗိုင်းရပ်စ်ကြောင့် ကိုယ်အင်္ဂါချို့တဲ့ကလေး ထောင်ချီ မွေးဖွားနေတယ်လို့လည်း အစိုးရက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျ်အို) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာထားပြီး အမေရိကားဒေသမှာ လူဦးရေ ၄ သန်းလောက်ကို ကူးစက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ရောဂါဖြစ်ပွားရာ နိုင်ငံတွေဆီ ကိုယ်ဝန်ဆောင်မိခင်တွေ သွားဖို့ သင့်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။

ကိုယ်ဝန်နုစဉ်မှာ ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရရင် ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးနိုင်ပါတယ်။

လောလောဆယ်မှာတော့ အိုလံပစ်ပွဲတော် ကျင်းပရေး ကော်မတီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ ခရီးသွားလမ်းညွှန်အတိုင်းပဲ လိုက်နာမယ်လို့ ဆိုပါတယ်။

ဒဗလျူအိတ်ခ်ျအိုရဲ့ လမ်းညွှန်ချက်ထဲမှာ ဘရာဇီးကို ခရီးမသွားဖို့ အကြံပြုချက်တွေ မပါဝင်သေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular