မြန်မာ့စစ်ရေယာဉ် အိန္ဒိယကို ရောက်ရှိ (ဓာတ်ပုံ)
DVB
·
February 4, 2016
အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲကို တက်မယ့် မြန်မာ့စစ်ရေယာဉ်- အောင်ဇေယျာဟာ ဖေဖော်ဝါရီ ၃ ရက်နေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိသွားပါတယ်။
မြန်မာ့စစ်ရေယာဉ်ဟာ ရန်ကုန်မြို့ကနေ ဇန်န၀ါရီ ၃၀ ရက်နေ့က ထွက်ခွာခဲ့ပြီး အိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ရောက်ရှိခဲ့တယ်လို့ တပ်မတော်-ရေ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်တွေ တွေ့ဆုံပွဲအခမ်းအနားကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ်တည်ရှိရာ Andhra Pradesh ပြည်နယ်၊ Visakhapatnam ဆိပ်ကမ်းမှာ ဖေဖော်ဝါရီ ၄ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံပွဲကို မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ်အပါအဝင် နိုင်ငံတကာရေတပ်တွေက စစ်ရေယာဉ် စုစုပေါင်း ၂၄ စီး တက်ရောက်မှာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ တက်ရောက်လာတဲ့ နိုင်ငံတကာမှ စစ်ရေယာဉ်အချို့ (သတင်းဓာတ်ပုံ - တပ်မတော်-ရေ)