၁၉ နှစ်အရွယ်ဆင်ကို ထိန်းသည့် ၄ နှစ်သမီး ထိုင်း ဆင်ဦးစီး (ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရင်းခရိုင် ထာ့တုမ့်မြိုနယ်က ယိုးနုတ် ခေါ် နောင့်အငွန် အမည်ရှိ မိန်းကလေးငယ်ဟာ အသက်အရွယ် ၄ နှစ်သာ ရှိပေမယ့် ဆင်ဦးစီးတယောက် ဖြစ်နေပါတယ်။ သူဟာ ခန္ဓာကိုယ်သေးငယ်ပြီး အားကောင်းမောင်းသန်သူ မဟုတ်ပေမယ့်လည်း ချွန်းကို အသုံးပြုပြီး သူ့အသံသေးသေးလေးနဲ့ ၁၉ နှစ်အရွယ် ဆင်တကောင်ကို ထိန်းကျောင်း ညွှန်ကြားနေတာပါ။ မူကြိုကျောင်းသူ နောင့်အငွန်ဟာ ကျောင်းကပြန်ရောက်ရင် ဆင်ကို အစာကျွေးတာ၊ ချောင်းထဲခေါ်ပြီး ရေတိုက်တာတွေ လုပ်ပါတယ်။ နောင့်အငွန်ဟာ မိဘမဲ့ ကလေးငယ်တယောက်ဖြစ်ပြီး မိဘတွေ ကွဲသွားတဲ့အတွက်  ဆင်ဦးစီး အဖိုးက မွေးကတည်းက ခေါ်ယူမွေးစားခဲ့ပြီး ဆင်တွေကြားမှာ ကြီးပြင်းခဲ့တာလို့  အဖိုး နိုင်းဆုမ်ဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။ နောင့်အငွန် ထိန်းကျောင်းနေတဲ့ ဆင်ဟာလည်း လိမ္မာပြီး သူ့စကားကို နားထောင်ကြောင်း၊ အဲဒီဆင်နဲ့ နောင့်အငွန်ဟာ ငယ်သူငယ်ချင်းတွေလို ဖြစ်နေကြောင်း နိုင်းဆုမ်ဖုန်းက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up