မက်ဆီ၊ ဆွာရက်ဇ်တို့ ဟက်ထရစ်သွင်းပြီး ဘာစီလိုနာ ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဖေဖော်ဝါရီ ၃ ရက်ညက နျူးကမ့်မှာ ယှဉ်ပြိုင်ရာ ဘာစီလိုနာက ဗလန်စီယာကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာတော့ ဘာစီလိုနာက ဆွာရက်ဇ်နဲ့ မက်စီတို့ ဟက်ထရစ်ရယူသွားနိုင်ခဲ့ပြီး ဆွာရက်ဇ်က တဦးတည်း ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နေမာ ပင်နယ်တီကန်သွင်းရာမှာ လွဲချော်သွားခဲ့လို့ ဘာစီလိုနာ တဂိုးနစ်နာခဲ့ရသလို ဗလန်စီယာက ကစားသမား တဦးလည်း ပထမပိုင်းမှာ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကန်သွင်းခွင့် အသာစီးရယူပြီး ကစားသွားခဲ့တာပါ။ ဗလန်စီယာနည်းပြ ဂယ်ရီနဗီးလ်ကတော့ ဘောလုံးမှာ အဆိုးဝါးဆုံးသော ရှုံးနိမ့်မှုတခု ဖြစ်သလို ဒီအရှုံးကြောင့် နည်းပြရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဂယ်ရီနဗီးလ် နည်းပြအဖြစ် တာဝန်ယူပြီးတဲ့နောက် ဗလန်စီယာဟာ လာလီဂါ ၁၁ ပွဲမှာ နိုင်ပွဲမရသေးဘဲ ဖြစ်နေပါတယ်။ ဒုတိယအကျော့ကိုတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကျရင် ဗလန်စီယာကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up