လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်မှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် မီဒီယာကို ပြော (ရုပ်သံ)
DVB
·
February 4, 2016
ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မီဒီယာတွေ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် လွှတ်တော်တွေအတွက် အခု ရွေးချယ်လိုက်တဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေကို ဘာကြောင့် ရွေးချယ်ခဲ့ရလဲ ဆိုတာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
ဒီရွေးချယ်မှုကို တခြားပါတီတွေနဲ့ တပ်မတော်ဘက်က ကန့်ကွက်တာတွေ မလုပ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။
ဒီ ဒုတိယအကြိမ် လွှတ်တော်ကြီးဟာ ပြည်ထောင်စုအရေး၊ အမျိုးသားရင်ကြားစေ့ရေးကို အသွင်ဆောင်တဲ့ လွှတ်တော်ကြီးဖြစ်ဖို့ အလားအလာတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရုပ်သံ - နေဖြိုးဝင်း