ဖြေသိမ့်လိုက် သီးချင်းကို တကိုယ်တော်ဂီတာတီး သီဆိုခဲ့သည့် အမေရိကန်သူ (ရုပ်သံ)
DVB
·
February 3, 2016
အမေရိကန်သံရုံးက ရိုက်ကူးပြီး အမေရိကန်သူ အင်္ဂလိပ်ဆရာမတဦး ဆိုထားတဲ့ သီချင်းရုပ်သံဗွီဒီယိုကို U.S. Embassy Rangoon လူမှုကွန်ရက်ပေါ် ဒီနေ့ ဖြန့်ဝေလိုက်ပါတယ်။
ဗွီဒီယိုဖိုင်ထဲမှာတော့ အမေရိကန်နိုင်ငံသူ ဆိုဖီဒန္နီရယ်လ်ဆင်က အဆိုတော် ၀ိုင်းဝိုင်းရဲ့ “ဖြေသိမ့်လိုက်” သီးချင်းကို တကိုယ်တော် ဂစ်တာတီးပြီး သီဆိုထားတာကို တွေ့ရမှာပါ။
“မြန်မာနဲ့ အမေရိကန်တွေမှာ တူညီတာ ဘာများရှိပါသလဲ၊ မိမိတို့အားလုံး ဂီတကို ချစ်မြတ်နိုးကြပါတယ်၊ သံရုံးရဲ့လူမှုမီဒီယာဝိုင်းတော်သားတွေဟာ Facebook ပေါ်မှာ အမေရိကန်နိုင်ငံသူ အင်္ဂလိပ်ဆရာမတစ်ယောက်ရဲ့ မြန်မာဘာသာစကားနဲ့ သီချင်းသီဆိုမှုဟာ အတော်ပေါက်ခဲ့တာကို သတိပြုမိခဲ့ပါတယ်။ ဖြစ်ချင်တော့ သူက ရန်ကုန်ကို ခဏရောက်လာတာနဲ့ ကြုံလို့ သူ့ရဲ့ သီဆိုမှုကို ရုပ်သံရိုက်ကူးမှတ်တမ်းတင်ချင်တဲ့အတွက် သံရုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ အခုမြင်တွေ့နားဆင်ရမှာကတော့ ဆိုဖီဒန္နီရယ်လ်ဆင်က အဆိုတော် ဝိုင်ဝိုင်းရဲ့ “ဖြေသိမ့်လိုက်” သီချင်းကို သီဆိုထားတာပဲ ဖြစ်ပါတယ်” လို့ သံရုံး လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။