ပြည်ထောင်စုလွှတ်တော်နာယက တာဝန်လွှဲပြောင်း (ဓာတ်ပုံ)
DVB
·
February 3, 2016
ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ပြီးဆုံးပြီဖြစ်တဲ့ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံ နာယက တာဝန်တွေ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ပြည်ထောင်စုလွှတ်တော် အဆောက်အဦရှိ ပြည်ထောင်စုလွှတ်တော်နာယကရဲ့ ရုံးခန်းမှာ နာယကတာဝန်တွေကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ဟာ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကို လက်ရှိ အစိုးရသက်တမ်းမှာ တ၀က်စီ တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - သူရဦးရွှေမန်း ဖေ့စ်ဘွတ်ခ်