Homeမြန်မာသတင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့သင်ရိုးညွှန်းတန်းတွေကို ထောက်ပံ့ကူညီရန် အင်္ဂလန်ရဲတပ်ဖွဲ့ တွေ့ဆုံမည်
မြန်မာနိုင်ငံရဲတပ်ဖွဲ့သင်ရိုးညွှန်းတန်းတွေကို ထောက်ပံ့ကူညီရန် အင်္ဂလန်ရဲတပ်ဖွဲ့ တွေ့ဆုံမည်
ညီငယ်
·
February 3, 2016

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သင်တန်းကျောင်းကို နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ရဲသင်တန်းကျောင်း တွေက သင်ရိုးညွှန်းတမ်းတွေကို အခြေပြုပြီး မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိတဲ့ သင်ရိုးညွှန်းတမ်းတွေ ထောက်ပံ့ကူညီဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အင်္ဂလန်နိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါတယ်။
လက်ရှိမှာလည်း အီးယူက သင်တန်းပေးထားတဲ့ ရဲတပ်ဖွဲတွေအနေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့ခြင်း ရှိ၊ မရှိ နဲ့ ပြည်သူလူထုကလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လိုခက်ခဲမှုတွေ ရှိတယ်ဆိုတာကို လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံကာ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ ပုသိမ်မြို့တွေမှာ အင်္ဂလန်နိုင်ငံက လူမှုကူညီရေးအဖွဲ့ကနေ စစ်တမ်းတွေကောက်ယူနေပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်သူဗဟိုပြု ရဲတပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲဖို့အတွက် အီးယူက၂၀၁၄ ခုနှစ်ကစတင်ပြီး သင်တန်းပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ မတ်လအတွင်းက အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ လက်ပံတန်း ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့နည်းတူ ခေတ်မီပြီး လူသားဆန်တဲ့ ရဲတပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲဖို့ အင်္ဂလန်နိုင်ငံက နည်းပညာနဲ့ ရဲတပ်ဖွဲ့ဝင်တွေသင်ကြားဖို့ သင်ရိုးညွန်းတမ်းတွေ ထောက်ပံ့ကူညီသွားမယ်လို့လည်း သိရပါတယ်။