ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များ ရိက္ခာပြတ်လပ်
DVB
·
February 2, 2016
ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်အတွင်းရှိ ဟိုက်ပါကျေးရွာအနီးစခန်း (၃) ခုတွင် နေရပ်မပြန်နိုင် သေးတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၁၇၂၁ ဦးအတွက် အစားအသောက်ရိက္ခာ လိုအပ်နေ ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ ကျေးရွာတွေရှိ နေအိမ်တွေ ဖျက်စီးခံထားရပြီး လယ်ယာ လုပ်ကိုင်ဖို့အတွက် အိမ်မွေးတိရစ္ဆာန်တွေ မရှိတော့တာကြောင့် လယ်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်ဖို့ ခက်ခဲနေပါတယ်။
"စစ်တပ်ကလည်း တာဆန်ဖူး ကျေးရွာက လူတွေဘဲပေးပြန်တယ် ကျန်တဲ့ ကျေးရွာကလူတွေ ပေးမပြန်ဘူးပြောတယ်။ နောက်ပြီး ရွာမှာ စုဆောင်းထားတဲ့ စပါး၊ ပြောင်းတွေလဲ တပ်ကရိက္ခာအဖြစ် သိမ်းသွားတယ်ပြောတယ်။ အိမ်ပြန်ရင်လည်း စားစရာမရှိတော့ မပြန်ဖြစ်ကြသေးဘူး"ဟု ရှမ်းတောင်လူငယ်ကွန်ရက်မှ တာဝန်ခံ ကိုဖိုးသားက ပြောပါတယ်။
ဟိုက်ပါကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်း(၃)ခုမှာ တာဆန်ဖူး၊ နမ့်ပါမူ၊ နောင်ခေတ်၊ ကုန်းနင် ပလောင်ရွာများနှင့် လီရှောကျေးရွာ၊ ရှမ်းရွာမှ စစ်ဘေးရှောင်တွေ များပြားနေပြီး အခုအချိန်ထိ စစ်ဘေးရှောင်တွေ လက်ကျန်ရိက္ခာ အနည်းငယ်သာ ကျန်တော့တယ်လို့ သွားရောက်လှူဒါန်းသူတွေထံမှ သိရပါတယ်။
သတင်းဓာတ်ပုံ - ကိုဇက် (တာချီလိတ်)