Home
ရုပျသံ
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအရေး အဓိကလုပ်ဆောင်မည်ဟု ဦးအေးသာအောင် ပြော (ရုပ်သံ)
နေဖြိုးဝင်း
·
February 2, 2016
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေကို ဦးစားပေးဆောင်ရွက်သွားမယ်လို့  အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ်လျာထားခံရတဲ့ ရခိုင်အမျိုးသားပါတီအမတ် ဦးအေးသာအောင်က ပြောဆိုပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ စတင်ကျင်းပမယ့် အမျိုးသားလွှတ်တော်မှာ သဘာပတိရွေးချယ်ဖို့၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ဖို့နဲ့ပတ်သက်ပြီး အနိုင်ရကိုယ်စားလှယ်အသစ်တွေ အစမ်းလေ့ကျင့်တာ ပြုလုပ်ခဲ့တဲ့ ဒီနေ့အစည်းအဝေးအပြီး အခုလို ပြောဆိုလိုက်တာပါ။ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက လျာထားတဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရင် သူ့အနေနဲ့ ဘာတွေ အဓိကလုပ်ဆောင်သွားမယ်ဆိုတာကို အခုလို ပြောပါတယ်။ “အဓိကတော့ ရခိုင်အမျိုးသားပါတီ မူဝါဒရှိမယ်။ နောက်တခုက ကျနော်တောက်လျှောက် လုပ်လာတဲ့ တိုင်းရင်းသားအရေး၊ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့နဲ့ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ကိစ္စများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024