ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ပထမဆုံး နှုတ်ခွန်းဆက်စကား(ရုပ်သံ)
DVB
·
February 1, 2016
ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမ ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်နဲ့ ဒုဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်တို့ကို အတည်ပြုခဲ့ပြီးနောက် အကြီးအကဲနှစ်ဦးက ကတိသစ္စာပြုခဲ့ကြပါတယ်။
ဒီနောက်မှာတော့ ပြည်သူ့လွှတ်တော်အကြီးအကဲ နှစ်ဦးက ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄ အရ လွှတ်တော်ရဲ့ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
လက်မှတ်ရေးထိုးခဲ့ပြီးနောက် သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို တာဝန်လွှဲအပ်ပေးခဲ့ပါတယ်။ ဒီနောက် ဦးဝင်းမြင့်က ပထမဆုံး လွှတ်တော် နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပါတယ်။