လိုကိုမိုးတစ်မော်စကိုအသင်း တိုက်စစ်မှူးကို ခေါ်ယူရန် အဲဗာတန် ကြိုးစား

ဓာတ်ပုံ - ရိုက်တာ
ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက ရုရှားကလပ် လိုကိုမိုးတစ် မော်စကိုအသင်း တိုက်စစ်မှူး အိုမာ နီရားစ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အဲဗာတန်က အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ တိုက်စစ်မှူး အိုမာ နီရားစ်ကို ပေါင် ၁၃ သန်းခွဲပေးပြီး ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ နည်းပြ မာတီနက်ဇ်က အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်နိုင်ဖို့ လက်ရှိ ကစားသမား စတီဗင် နိုင်စမစ်ကို နော်ဝစ်ခ်ျအသင်းဆီ ထုတ်ရောင်းပြီး အားဖြည့်ဖို့ ကြိုးစားနေတာပါ။ အဲဗာတန်က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဆီနီဂေါတိုက်စစ်မှူး အိုမာ နီရားစ်ဟာ ဒီနှစ်ရာသီ လိုကိုမိုးတစ် မော်စကိုအသင်းအတွက် ၂၁ ပွဲ ကစားပေးထားရာမှာ ၁၂ ဂိုး သွင်းပေးထားပါတယ်။ အဲဗာတန်ဟာ ၂၉ မှတ်နဲ့ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up