ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ တာဝန်မှအနားယူ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌရုံးအဖွဲ့မှူး ဒေါက်တာ တင်မာအောင် အနားယူလိုက်တဲ့အတွက် သူ့အနေရာမှာ အစားထိုးခန့်အပ်လိုက်ပါတယ်။ ဒေါက်တာ တင်မာအောင်ရဲ့ နေရာမှာ ဦးမိုးဇော်ဦးကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ဦးမိုးဇော်ဦးဟာ ဒေါ်အောင်ဆန်းစုကြည့်ရုံးရဲ့လုပ်ငန်းတွေကို ဒေါက်တာ တင်မာအောင်နဲ့အတူ လုပ်ဆောင်ပေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်မှာ လွှတ်တော်သစ်တွေ စတင်မယ့် အချိန်မှာ ဒေါက်တာ တင်မာအောင် အနားယူလိုက်တာ ဖြစ်တဲ့အတွက် ဘာတာဝန်တွေကို ထမ်းဆောင်မလဲဆိုတာကတော့ လေ့လာသူတွေကြားမှာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ အန်အယ်လ်ဒီပါတီဘက်ကတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။ ဒေါက်တာ တင်မာအောင်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ၂၀၁၀ ခုနှစ်မှာ လွတ်မြောက်လာပြီးနောက်ပိုင်း ကိုယ်ရေးအရာရှိအဖြစ် အနီးကပ်ဆုံး နေခဲ့သူလည်း  ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up