Home
မြန်မာသတင်း
ရနောင်းတွင် မြန်မာနိုင်ငံသား ၂ ဦးထံမှ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 31, 2016
ထိုင်းနိုင်ငံ ရနောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက ဖမ်းဆီးမှုတွေ အခုလအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။ ရနောင်းမြို့မှာ အိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေးဝါး ၆၃.၄၆ ဂရမ်နဲ့အတူ မြန်မာနိုင်ငံသား ၂ ဦးကို ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ အသက် ၃၀ အရွယ် ၀င်းဌေးဦးကို ဘန်လီ အမှတ် ၅ ရက်ကွက်က သူနေတဲ့ တိုက်ခန်းမှာ ထိုင်းစစ်တပ် အာဏာပိုင်တွေ အရင်ဦးဆုံး ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ထွက်ဆိုချက်အရ ကိုထိန်လင်းဆိုသူ ထပ်ပြီး အဖမ်းခံရတာလို့ ထိုင်း khaosod သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ ၂ ဦးအထဲက ကိုဝင်းဌေးဦးက ရနောင်းနဲ့ ကော့သောင်း ပြေးဆွဲနေတဲ့ လှေသမား ဖြစ်ပြီး ကိုထိန်းလင်းက ရနောင်းဌာနီ ဈေးအနီးမှာ တိုက်ခန်းငှားနေပြီး မူးယစ်ဆေးတွေကို မြန်မာအလုပ်သမားတွေထံ လိုက်လံရောင်းချပေးနေသူ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ သူတို့ နှစ်ဦးကို ရနောင်းမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ထိုင်းဥပဒေအရ မူးယစ်းဆေးဝါး ရောင်းဝယ်မှုနဲ့ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ရနောင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်နေ့က မြန်မာနိုင်ငံသား ၃ ဦးကို စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးမိခဲ့သလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း မြန်မာနိုင်ငံသား အမျိုးသမီးတဦးထံကနေ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ အခုတလော အိုက်စ်နဲ့ ရာဘစိတ်ကြွဆေးပြားတွေကို ရနောင်းမြို့က အလုပ်သမားတွေအကြား တော်တော်များများ သုံးစွဲလာနေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရနောင်းမြို့က မြန်မာတဦးကတော့ အလုပ်သမားတွေအကြားမှာ အိုက်စ်နဲ့ ရာဘစိတ်ကြွဆေးပြားတွေ သုံးစွဲတာကိုတော့ သူ့အနေနဲ့ မကြားသိရဘဲ ဘိန်းစာရွက်တွေနဲ့ လုပ်ထားတဲ့ မူးယစ်ဆေးတမျိုးကိုသာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024