အမေရိကန် မော်တော်ဆိုင်ကယ်ပြိုင်ပွဲ ပြိုင်ဖက်ဂိုဏ်း ၂ ဖွဲ့ ပစ်ခတ်မှုဖြစ်
DVB
·
January 31, 2016
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာ ကျင်းပနေတဲ့ အခုနှစ် မော်တော်ဆိုင်ကယ်ပြပွဲမှာ ဇန်န၀ါရီ ၂၀ ရက်နေ့ ပြိုင်ဖက် မော်တော်ဆိုင်ကယ်ဂိုဏ်း ၂ ဂိုဏ်း ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးသွားပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ၁ ဦးသေဆုံးပြီး နောက်တဦးကတော့ ဓားထိုးခံရတာလို့ ရဲကပြောဆိုပါတယ်။ လူ ၇ ဦးလည်း ဒဏ်ရာရရှိသွားပါတယ်။
ဒီ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကော်လိုရာဒို မော်တော်ဆိုင်ကယ်ပြပွဲဟာ အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံးမော်တော်ဆိုင်ကယ်ပြပွဲတခုဖြစ်ပါတယ်။
ဒင်ဗာမြို့ရဲမှူးကြီးက ဘယ်မော်တော်ဆိုင်ကယ်ဂိုဏ်းတွေ ဖြစ်တယ်ဆိုတာကို ပြောဆိုခြင်းမရှိပါဘူး။
ပါဝင်ပတ်သက်သူတဦးကို စစ်ဆေးမေးမြန်မှုတွေလုပ်နေပေမယ့် ဘယ်သူ့ကိုမှ ဖမ်းဆီးတာမရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်၊ မေလကလည်း တက်ဆက်ပြည်နယ် ၀ါကိုမြို့မှာ ကျင်းပတဲ့ မော်တော်ဆိုင်ကယ်ပြပွဲတခုမှာလည်း အခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၉ ဦးသေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုအပြီး ဆိုင်ကယ်ပြပွဲကို ၄ နာရီကြာ ဆက်လက်ကျင်းပခဲ့ပေမယ့် ဇန်န၀ါရီ ၃၁ ရက်နေ့က ပြပွဲကို ပိတ်ထားပါတယ်။