အာရှ ယူ ၂၃ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဂျပန်ဗိုလ်စွဲ (သတင်းဓာတ်ပုံ)

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဇန်န၀ါရီ ၃၀ ရက်က ကျင်းပတဲ့ အေအက်ဖ်စီ အာရှ ယူ ၂၃ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဂျပန်လူငယ်အသင်းက တောင်ကိုရီးယား လူငယ်အသင်းကို ၃- ၂ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံဆုဖလား ရရှိသွားပါတယ်။ ဒီပြိုင်ပွဲ ပထမရတဲ့ ဂျပန်အသင်း၊ ဒုတိယရတဲ့ တောင်ကိုရီးယားအသင်းနဲ့ တတိယရတဲ့ အီရတ်အသင်းတွေဟာ ဘရားဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၆ ရီရိုအိုလံပစ်ပြိုင်ပွဲကြီးမှာ အာရှတိုက်ကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။ ဓာတ်ပုံ - FIFA  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up