Home
မြန်မာသတင်း
တရားမ၀င် ၀င်လာသည့် မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းဖမ်းဆီး
DVB
·
January 31, 2016
ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ထဲကို လိုင်းကားစီးပြီး တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ဇန်န၀ါရီလ ၂၉ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထားပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ဘုရားသုံးဆူနယ်စပ်ကနေ ကန်ချနဘူရီမြို့ထဲကို လိုင်းကားစီး ၀င်ရောက်လာတာဖြစ်ပြီး ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန (လ၀က) က စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဖမ်းဆီးခဲ့တာလို့ breakingnews.nationtv.tv အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထိုင်းလ၀က တာဝန်ရှိသူတွေက ကားကို ရပ်ခိုင်းပြီး စစ်ဆေးတဲ့အချိန်မှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦးကို တွေ့ရှိပြီး သူတို့ဟာ တရားဝင် လာတဲ့အကြောင်း စာရွက်စာတမ်း အထောက်အထားတွေ မပြနိုင်ကြဘူးလို့ သတင်းက ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ကန်ချနဘူရီမြို့နယ် လ၀ကရုံးမှာ ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့ကလည်း ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့  မြန်မာနိုင်ငံသား ၃၈ ဦးကို ကန်ချနဘူရီမြို့ စစ်ဆေးရေး ဂိတ်အရောက်မှာ ထိုင်းအာဏာပိုင်တွေက တရားမ၀င် လာရောက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024