ရန်ကုန်တွင် ကလေးခိုးမှု တခုမှမရှိဟု တာဝန်ရှိသူများ ပြော (ဓာတ်ပုံ)
DVB
·
January 30, 2016
ကလေးခိုးမှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလတွေသာ ဖြစ်ပြီး ရန်ကုန်မြို့တွင်းမှာ တခုမှမရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှူးက ဇန်နဝါရီ ၃၀ ရက်နေ့က သတင်းမီဒီယာတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနေရာတော်တော်များမှာ၂၀၁၅ နှစ်ကုန်ပိုင်းကစပြီး ကလေးတွေ ခိုးနေတယ်၊ ကလေးသူခိုးတွေ ပေါ်ပေါက်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့လာပြီး ဒီလိုကောလာဟလတွေကြောင့် နယ်မြို့တွေမှာ လူစုလူဝေးတွေဖြစ်ပေါ်ခဲ့သလို လူမှားရိုက်နှက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
မြို့နယ်အချို့မှာတော့ သက်ဆိုင်ရာအာဏာာပိုင်တွေက ဒီလိုကိစ္စရပ်တွေဟာ ကောလာဟလတွေသာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။
သတင်းဓာတ်ပုံ - ခိုင်ပန်းနု