Home
မြန်မာသတင်း
ရနောင်းတွင် ဖောက်ခွဲရေးပစ္စည်းများနှင့် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းမိ
DVB
·
January 30, 2016
ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာ ဖောက်ခွဲရေး ပစ္စည်းနဲ့တွေအတူ မြန်မာနိုင်ငံသား ၂ ဦးကို ဇန်န၀ါရီလ ၂၈ ရက်နေ့က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကိုအမ် နဲ့ ၄၅ နှစ်အရွယ် ကိုစိုးမြင့်တို့ ၂ ဦးကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အတူ ပါနန်းရပ်ကွက် လောင်ကျွန်း အနီးအနားမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ ထိုင်းဒေးလီနယူး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထိုင်းအာဏာပိုင်တွေ ပြောကြားချက်အရ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ ရနောင်းမြို့မှာရှိတဲ့ ရာဘာခြံ အလုပ်လုပ်သမားတွေ ဖြစ်ပြီး ဖောက်ခွဲရေး ပစ္စည်းတွေကို အိမ် အမှတ် ၂/၅၂ မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးဆီကနေ ရယူလာတာလို့ ထွက်ဆိုကြတယ်လို့ ဆိုပါတယ်။ အဲဒီဖောက်ခွဲရေး ပစ္စည်းတွေကို ငါးဖမ်းလှေသမားတွေဆီ အခကြေးငွေ ဘတ် ၃၀၀၀ ယူပြီး ပို့ ဆောင်ပေးရမယ်လို့ အဖမ်းခံရသူတွေက ထွက်ဆိုခဲ့ပါတယ်။ အခု အဖမ်းခံရတဲ့သူတွေဟာ မြန်မာနိုင်ငံထဲမှာလည်း ဖောက်ခွဲရေး အမှုနဲ့ ထောက်ကျဖူးတယ်လို့ သူတို့ရဲ့ ထွက်ဆိုချက်အရ သိရတယ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းအာဏာပိုင်တွေ ကတော့ သူတို့ကို တရားမ၀င် ဖောက်ခွဲရေး ပစ္စည်းတွေ လက်ဝယ်ထားရှိမှုနဲ့ အရေးယူသွားဖို့ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024