အနားယူခဲ့သည့် ဗီဒစ်၏ ဘောလုံးစွမ်းရည်ကို မန်ယူအသင်း ပြသ (ရုပ်သံ)

မန်ယူအသင်းခေါင်းဆောင်ဟောင်း ဗီဒစ်က ဘောလုံးကစားသမားဘ၀ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ဇန်န၀ါရီ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် နောက်တန်းသမား ဗီဒစ်ဟာ ဒီလထဲမှာပဲ အီတလီ စီးရီးအေ ကလပ် အင်တာမီလန်မှာ ပွဲထွက်ကစားခွင့် မရလို့ ၂ ဖက်သဘောတူညီမှုနဲ့ လမ်းခွဲထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆားဘီးယား နောက်ခံလူ ဗီဒစ်ဟာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်းခဲ့ရပါတယ်။ မန်ယူနောက်တန်းမှာ ဗဟိုနောက်ခံလူဟောင်းတွေဖြစ်တဲ့ ဗီဒစ်နဲ့ ရီယိုဖာဒီနန်တို့ အတွဲဟာ ၂၀၀၆ ကနေ ၂၀၁၄ အထိ အသင်းရဲ့ အဓိက ကစားသမားတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။ အာဆင်နယ်နောက်ခံလူ တိုနီအဒမ်ပြီးရင် အင်္ဂလန် ပရီးမီးယားလိဂ်မှာတော့ အကောင်းဆုံး နောက်ခံလူတဦးအဖြစ် ဗီဒစ်က ရပ်တည်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဗီဒစ်ဟာ ဆားဘီးယား လက်ရွေးစင်အသင်းအတွက် ၅၆ ပွဲ ကစားပေးထားပါတယ်။ ဗီဒစ်ရဲ့ ဘောလုံးစွမ်းရည်တွေကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို အသင်းဟောင်းမန်ယူကလည်း လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန်တင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up