ဆိုင်ကယ်စတန့် ပြသခဲ့သည့် အိန္ဒိယ စစ်ရေးပြ အခမ်းအနား (ရုပ်သံ)

အိန္ဒိယနိုင်ငံရဲ့ ၆၇ နှစ်မြောက် သမ္မတနိုင်ငံ အထိမ်းအမှတ်နေ့ကို နယူးဒေလီမှာ ဇန်န၀ါရီ ၂၆ ရက်က ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အိန္ဒိယနိုင်ငံက စစ်သားတွေက စစ်ရေးပြ၀တ်စုံတွေ ၀တ်ဆင်ပြီး ဆိုင်ကယ် စွမ်းရည်ကိုပြသခဲ့ပါတယ်။ “ရဲဝံ့တဲ့ မာရ်နတ်” လို့ အမည်ရတဲ့ စစ်သားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဆိုင်ကယ် စတန့်အဖွဲ့ရဲ့ ဆိုင်ကယ်စီး စွမ်းရည်ကတော့ စစ်ရေးပြ အခမ်းအနားမှာ အဓိက ဆွဲဆောင်မှု တခု ဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့က သမ္မတကို အလေးပြုခြင်း လူ့ပိရမစ်၊ တိုက်ခိုက်ရေးသမားများကို အချက်ပေးခြင်း စတဲ့ ဆိုင်ကယ်စတန့်တွေကို အခမ်းအနားတက်ရောက်သူတွေက ချီးကျူးခဲ့ပါတယ်။ အခမ်းအနားကို ပြင်သစ်သမ္မတ ဖရန့်ဆွာ ဟော်လွန်းကလည်း အထူးဧည့်သည်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အမေရိကန် သမ္မတနဲ့ ၀န်ကြီးချုပ်တွေကလည်း တက်ရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up