စပိန်ဘုရင့်ဖလား ဗလင်စီယာနှင့် ဆီဗီးလား ဆီမီးတက် (ရုပ်သံ)

ဇန်န၀ါရီ ၂၈ ရက်က ယှဉ်ပြိုင်သွားတဲ့ စပိန်ဘုရင့်ဖလား ဗလင်စီယာနဲ့ လက်စ်ပါးလ်မားစ်အသင်းပြိုင်ပွဲမှာ ဗလင်စီယာအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း မိနစ် ၂၀ မှာပဲ ရော်ဒရီဂိုက ဗလင်စီယာအတွက် အဖွင့်ဂိုးကို သွင်းယူသွားပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒီရလဒ်ကို ထိန်းထားနိုင်တဲ့အတွက် ဗလင်စီယာတို့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ စပိန် လာလီဂါမှာ နိုင်ပွဲပျောက်နေတဲ့ ဗလင်စီယာနည်းပြ မန်ယူကစားသမားဟောင်း နဗီးအတွက် စပိန်ဘုရင့်ဖလားမှာ ၄ ပွဲမြောက် နိုင်ပွဲလည်း ဖြစ်ပါတယ်။ ပထမအကျော့မှာတော့ လက်စ်ပါးလ်မားစ်နဲ့ ဗလင်စီယာတို့ ၁ ဂိုးစီ သရေကျထားသလို ဒုတိယအကျော့မှာ ဗလင်စီယာက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အလားတူ ဆီဗီးလားအသင်းကလည်း ဒုတိယတန်းက မာရင်ဒီကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမအကျော့မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ ၂ ပွဲပေါင်းရလဒ် ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ ဆီမီးဖိုင်နယ်ကို ဘာစီလိုနာနဲ့ ဆဲလ်တာဗီဂိုတို့လည်း တက်ရောက်ထားလို့ ဘယ်အသင်းတွေ တွေ့ဆုံမယ်ဆိုတာ ဒီနေ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up