Live
Home
မြန်မာသတင်း
ချင်း​မိုင်တွင် က​လေး​သူ​တောင်း​စား​လုပ်ခိုင်း​သည့်​ မြန်မာအိမ်ကို ရဲဝင်ဖမ်း
DVB
·
July 27, 2011
ချင်း​မိုင်မြို့​မှာ က​လေး​တွေကို ​တောင်း​စား​ခိုင်း​တဲ့​ အိမ်တလုံး​ကို ထိုင်း​ရဲ​တွေက အင်္ဂါ​နေ့​က ဝင်​ရောက်ဖမ်း​ဆီး​ခဲ့​ပါတယ်။ အဲဒီအိမ်ကထွက်​ပြေး​လာတဲ့​ အသက် ၁၃ နှစ်နဲ့​ ၁၄ နှစ်အရွယ် က​လေး​မ ၂ ​ယောက်ရဲ့​ ပြောကြား​မှု​ကြောင့်​ လူကုန်ကူး​ခံရသူများ​ ကူညီ​စောင့်​ရှောက်​ရေး​အဖွဲ့​တခုက ရဲကိုတိုင်တန်း​တဲ့​အတွက် အဲဒီအိမ်ကို သွား​ဝိုင်း​ပြီး​ ဖမ်း​ဆီး​လိုက်တာဖြစ်ပါတယ်။ [caption id="attachment_13283" align="alignright" width="310" caption="မသင်္ကာသူများကို ချင်းမိုင်ရဲစခန်းတွင် ​ခေါ်ယူစစ်​ဆေးနေစဉ် (ဓာတ်ပုံ - www.norsorpor.com)"][/caption] ရဲ​တွေဝင်​ရောက်ဖမ်း​ဆီး​တဲ့​အခါ အိမ်ထဲမှာ အမျိုး​သား​တွေမရှိဘဲ အသက် ၂၂ နှစ်အရွယ် အမျိုး​သမီး​နဲ့​က​လေး​ ၅ ​ယောက်ကိုသာ ​တွေ့​ရှိလို့​ ထိန်း​သိမ်း​ခဲ့​တယ်လို့​လူကုန်ကူး​မှု တိုက်ဖျက်​ရေး​နဲ့​ကူညီ​စောင့်​ရှောက်​ရေး​တွေ ​ဆောင်ရွက်​နေတဲ့​ Trafcord အဖွဲ့​အကျိုး​ဆောင်​ရှေ့​နေ နိတိချိုင်း​က ​ပြောပါတယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့​ ​ယောက်ျား​တွေကို​တော့​ ဖမ်း​ဆီး​ရမိခြင်း​ မရှိ​သေး​တဲ့​အတွက် တချို့​အချက်အလက်​တွေကို ထုတ်​ဖော်​ပြောဆိုလို့​မရ​သေး​ဘူး​လို့​ ​ပြောပါတယ်။ အကျိုး​ဆောင်​ရှေ့​နေ နိတိချိုင်း​က "သူတို့​ဟာ က​လေး​တွေကို ​ခေါ်လာပြီး​ ချင်း​မိုင်မှာ လာ​တောင်း​စား​ခိုင်း​တဲ့​ အလုပ်ကို လုပ်​နေခဲ့​တာ ၉ နှစ်​လောက်ရှိ​နေပြီခင်ဗျ။ စစ်​ဆေး​သိရှိရသ​လောက် အစပိုင်း​မှာ သူ့​ရဲ့​ ၄ နှစ်သမီး​ကို စုတ်ပြတ်တဲ့​ အဝတ်အစား​တွေဝတ်​ပေး​ပြီး​ ချင်း​မိုင်မြို့​ထဲ ​လျှောက်​တောင်း​စား​ခိုင်း​တယ်။ အရနည်း​တဲ့​အခါ ဆဲဆို​ငေါက်ငန်း​ရိုက်နှက်တာ​တွေလုပ်တယ်။ ​နောက်ပိုင်း​မှာ မယ်ဆိုင်-တာချီလိတ်ဘက်ပြန်ပြီး​ တခြား​က​လေး​တွေကို​ခေါ်လာပြီး​ ​တောင်း​စား​ခိုင်း​တယ်။ အဲလိုပဲ ရိုက်နှက်တာ​တွေလုပ်တယ်" လို့​ ​ပြောပါတယ်။ က​လေး​တွေနဲ့​မိန်း​က​လေး​ နှစ်ဦး​ကို က​လေး​လူငယ်နဲ့​အမျိုး​သမီး​အခွင့်​အ​ရေး​ ကာကွယ်​စောင့်​ရှောက်​ရေး​အဖွဲ့​တခုက ​လော​လောဆယ်​စောင့်​ရှောက်ထား​ပါတယ်။ မိခင်လို့​ယူဆရတဲ့​ အမျိုး​သမီး​က​တော့​ ထိုင်း​နိုင်ငံမှာ တရား​မဝင် ​နေထိုင်တဲ့​အတွက် အမှုစစ်​ဆေး​ပြီး​ရင် မြန်မာပြည်ကို ပြန်ပို့​ခံရနိုင်တယ်လို့ ​ရှေ့​နေက ​ပြောပါတယ်။ နောက်ဆုံး​ရ ထိုင်း​အွန်လိုင်း​ သတင်း​တွေရ အသက် ၂၂ နှစ်အရွယ် အမျိုး​သမီး​ဟာ တရား​ခံမဟုတ်ဟု သိရပြီး​ အသက် ၅၀ ​ကျော်အရွယ် မြန်မာအမျိုး​သမီး နှစ်ဦး​နဲ့​ အမျိုး​သား​ တဦး​ကို ချင်း​မိုင်ရဲဌာနက ​ခေါ်ယူ စစ်​ဆေး​နေပါတယ်။ က​လေး​တွေဟာ သူတို့​ရဲ့​ တူသား​တွေဖြစ်တယ်လို့​ ​ပြောတဲ့​အတွက် ချင်း​မိုင်ရဲက DNA စစ်​ဆေး​မှု ပြုလုပ်မယ်လို့​ သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။    

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024