အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီး နောက်တန်းကစားသမား ကာဟေးက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရလို့ အသင်းပြောင်းချင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဗဟိုနောက်ခံလူ ကာဟေးဟာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီမှာ ၁၂ ပွဲပဲ ကစားခွင့်ရထားပါတယ်။
ပုံမှန်ပွဲထွက်ခွင့် မရရင် လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့် မရမှာကို စိုးရိမ်တဲ့အတွက် အသင်းပြောင်းချင်နေတာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် နောက်ခံလူဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဒုတိယခေါင်းဆောင် တာဝန်ကို ယူထားပါတယ်။
သူဟာ ချဲလ်ဆီးကို ၂၀၁၂ ခုနှစ်မှာ ဘော်လ်တန်အသင်းက ရောက်ရှိလာပြီး ပွဲပေါင်း ၁၇၀ ကစားပေးထားပါတယ်။
ကာဟေးဟာ ချဲလ်ဆီးနည်းပြသစ် ဟစ်ဒင့်လက်ထက်မှာ ပွဲထွက်ကစားခွင့် ၂ ပွဲပဲ ရထားပါတယ်။
သူဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၀ ကစားပေးထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။