မီချီဂန်ပြည်နယ်တွင် ရာနှင့်ချီသည့် ကလေးများကို ခဲဆိပ်သင့်မှုအတွက် စစ်ဆေး

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဖလင့်ခ်ျမြို့မှာ ခဲဆိပ်သင့် ညစ်ညမ်းရေတွေနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ထုတ်ပြန်အပြီးမှာ ရာနဲ့ချီတဲ့ ကလေးလူငယ်တွေကို ခဲဆိပ်သင့်မှုအတွက် စစ်ဆေးနေတယ်လို့ ဒေသခံ အရာရှိတွေက ဇန်န၀ါရီ ၂၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ မိဘတွေခေါ်လာတဲ့ ကလေးတွေကို ဒေသခံ သူနာပြုတွေနဲ့ လုပ်အားပေးတွေက ခဲဆိပ်ရှိမရှိ သွေးဖောက် စစ်ဆေးပေးနေပါတယ်။ ခဲဆိပ်သင့်တာဟာ ကလေးတွေရဲ့ ဦးနှောက်ကို ပျက်စီးစေနိုင်ပြီး အသက် ၆ နှစ်အောက် ကလေးတွေအတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာအပြီး သီတင်းပတ် ၃ ပတ်အတွင်း ကလေးတွေကို ခဲဆိပ် စစ်ဆေးမယ်လို့ မြို့ထဲမှာ ကြေညာခဲ့တာပါ။ အရောင်ပြောင်းနေတဲ့ ရေတွေအတွက် လူအယောက် တသိန်းနေတဲ့ မြို့လေးက မြို့ခံတွေက တိုင်ကြားနေခဲ့တာ လနဲ့ချီ ကြာနေပါပြီ။ အာဏာပိုင်တွေက ပြဿနာကို ဖြေရှင်းဖို့ နှေးနှေးကွေးကွေး လှုပ်ရှားခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ၂၀၁၄ ခုနှစ်က စပြီး ဖလင့်ခ်ျမြို့က မြစ်ရေကို သုံးခဲ့လို့ တိုက်စားနိုင်စွမ်းရှိတဲ့ ရေထဲက ပျော်ဝင်ပစ္စည်းတွေက အိုမင်းနေတဲ့ ပိုက်တွေက ခဲတွေကို ပိုပြီး ထွက်လာစေခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ဝေါလ်မတ်၊ ကိုကာကိုလာ၊ ပက်ပ်စီကိုနဲ့ နက်စ်တယ်လ်တို့လို အကြီးစား ကော်ပိုရေးရှင်းကြီးတွေက ဖလင့်ခ်ျမြို့ ဒေသခံတွေကို ရေသန့်ပုလင်း အမြောက်အမြား လှူဒါန်းခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up