ဒုက္ခသည် ပိုင်ဆိုင်မှုကို သိမ်းယူနိုင်သည့် ဥပဒေ ဒိန်းမတ် အတည်ပြု

ဓာတ်ပုံ - Getty Images
ခိုလှုံခွင့်တောင်းခံသူတွေ ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းယူနိုင်တဲ့ အငြင်းပွားဖွယ် ဥပဒေတရပ်ကို ဒိန်းမတ် ပါလီမန်က အတည်ပြုလိုက်ပါတယ်။ ဇန်န၀ါရီ ၂၆ ရက်က အတည်ပြုလိုက်တဲ့ ဥပဒေကြောင့် ဒုက္ခသည်တွေ ပိုင်ဆိုင်တဲ့ ပေါင် ၁၀၀၀ ကျော် အဖိုးတန် ပစ္စည်းတွေကို ရဲတွေက ထိန်းသိမ်းစရိတ်အနေနဲ့ သိမ်းယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်မိသားစုတွေ ပြန်လည်ဆုံဆည်းရေးကို နှောင့်နှေးစေမယ့် အစီအစဉ်ကိုလည်း လွှတ်တော်အမတ်တွေက အတည်ပြုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြောခွင့်ရကတော့ ဒီဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ ဒါအပြင် လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဥပဒေကို ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒိန်းမတ်က ဒုက္ခသည် ၂ သောင်း ၁ ထောင် လက်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up