Saturday, June 10, 2023
HomeLead Storyဘရာဇီးထောင်တွင်း ဗုံးပေါက်ကွဲ၊ အကျဉ်းသားများ ထွက်ပြေး (ရုပ်သံ)

ဘရာဇီးထောင်တွင်း ဗုံးပေါက်ကွဲ၊ အကျဉ်းသားများ ထွက်ပြေး (ရုပ်သံ)

ဘရာဇီးနိုင်ငံအရှေ့ပိုင်း၊ ရက်ဆီဖီမြို့ အကျဉ်းထောင်တခုတွင်း ဗုံးပေါက်ကွဲမှုကြောင့် အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ ဖရေးဒါမီယာဒီဘိုဇန်နို အကျဉ်းထောင်မှာ ဇန်န၀ါရီ ၂၃ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အနည်းဆုံး အကျဉ်းသား ၄၀ လောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ စီစီတီဗွီသတင်း ရုပ်သံဗွီဒီယိုဖိုင်မှာ ဇန်န၀ါရီ ၂၇ ရက်က ဖော်ပြပါတယ်။

ဗုံးပေါက်ကွဲမှုမဖြစ်ခင် လူတဦးဟာ အကျဉ်းထောင်တွင်း ၀င်ရောက်လာခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။

ဒီဗုံးဟာ ထောင်ရဲ့အပြင်နံရံကို အပေါက်ဖြစ်အောင် ဖောက်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်မှာ ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ အပေါက်ကတဆင့် အကျဉ်းသားတွေ ထွက်ပြေးခဲ့တာကို တွေ့ရပါတယ်။

သူတို့ဟာ မြို့တွင်းလမ်းမတွေတလျှောက် အချိန်ပေါင်းများစွာ ထွက်ပြေးခဲ့ကြပြီး ၂ ဦးကတော့ ရဲတွေက သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်းမှုကြောင့် သေဆုံးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာတော့ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular