Live
Home
မြန်မာသတင်း
ဇီကာရောဂါပိုး မြန်မာနိုင်ငံကို မပျံ့နှံ့စေရန် ရန်ကုန်လေဆိပ်တွင် ကျန်းမာရေးစစ်ဆေး
DVB
·
January 27, 2016
ခြင်ကတဆင့် ဖြစ်ပွားလာတဲ့ ဇီကာ (Zika) ရောဂါပိုး မြန်မာနိုင်ငံကို ပျံ့နှံ့လာခြင်းမရှိအောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နေမကောင်းဖြစ်တဲ့ လူနာတွေ့ရင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး ဆေးစစ်ချက်အဖြေ ထွက်လာမှ နိုင်ငံတွင်းကို ဝင်ခွင့်ပြုတာဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားတွေကို အဓိက စစ်ဆေးနေတာပါ။ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဇီကာလို့ခေါ်တဲ့ ဗိုင်းရပ်စ်သစ်တမျိုးဟာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတွေမှာ ပျံ့နှံ့နေတဲ့အတွက် အဲဒီဒေသတွေကို ခရီးသွားလာမှုအပေါ် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (စီဒီစီ) က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဒေသတွေကို သွားလာရာမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို အထူးသဖြင့် သတိပေးထားတာဖြစ်ပြီး ရောဂါကူးစက်ခံရပါက မွေးဖွားလာတဲ့ ကလေးငယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံဘဲ မွေးဖွားလာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်မှု ကင်းဝေးစေဖို့ အဓိကထား စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အီဘိုလာရောဂါပိုး တွေ့စဉ်ကလည်း လေဆိပ်တွေမှာ ခုလို ရောဂါရှာဖွေပြုတွေ ပြုလုပ်ခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024