၂၀၁၅ ခုနှစ်အတွင်း ရုရှား စီးပွားရေးတိုးတက်နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း

ဓာတ်ပုံ - ရိုက်တာ
ရုရှားနိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်းဟာ ၂၀၁၅ ခုနှစ်အတွင်း ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ရုရှား စာရင်းအင်း အေဂျင်စီတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း လက်လီအရောင်း ၁၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလည်း ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အခုလို ရုရှားနိုင်ငံရဲ့ စီးပွားရေးကျဆင်းရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာ့ရေနံဈေး မတန်တဆ ကျဆင်းနေမှုနဲ့ ၂၀၁၄ ခုနှစ်အတွင်း ယူကရိန်းပိုင် ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူ ခံရတာကြောင့်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ ကမ္ဘာ့ရေနံဈေးဟာ ၁၅ လတာအတွင်း ဈေး ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး အခုလို ဆက်လက်ကျဆင်းနေမယ်ဆိုရင် ဒီနှစ် ရုရှားနိုင်ငံ ဘတ်ဂျက်ကို ပြင်ဆင်ရမယ်လို့ ရုရှားဝန်ကြီးချုပ်က လဆန်းပိုင်းမှာ သတိပေးထားပါတယ်။ ကမ္ဘာ့ရေနံဈေး တစည်ကို အမေရိကန်ဒေါ်လာ ၈၂ ဒေါ်လာရမှ ရုရှားနိုင်ငံရဲ့ ဘတ်ဂျက် ပြန်ညီမျှမယ်လို့ ရုရှားဘဏ္ဍာရေးဝန်ကြီးကလည်း ပြောပါတယ်။ ရုရှားနိုင်ငံရဲ့ ၀င်ငွေတ၀က်လောက်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် မူတည်တာပါ။ ရုရှားရူဘယ်ငွေဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ စံချိန်တင် တန်ဖိုးကျဆင်းနေပြီး အခုတပတ်မှာတော့ ကမ္ဘာ့ရေနံဈေး အနည်းငယ် ပြန်တက်လာလို့ ရူဘယ်ငွေတန်ဖိုးလည်း အနည်းငယ် ပြန်တက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up