လိဂ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအထိရောက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း လီဗာပူးနည်းပြ ပြော

660
လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိရောက်ရေးဟာ ကစားသမားတွေအတွက် အလွန်အရေးပါတဲ့အကြောင်း လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဇန်န၀ါရီ ၂၆ ရက် ညမှာ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ စတုတ်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကစားသမားတွေက ဗိုလ်လုပွဲအထိရောက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ နည်းပြ ကလော့က ပြောပါတယ်။
နည်းပြ ကလော့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ လီဗာပူးကို ရောက်ရှိလာတာပါ။
လီဗာပူးဟာ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်းမှာတုန်းက ၁ ဂိုး ဂိုးမရှိနဲ့ စတုတ်ကို အနိုင်ရထားပါတယ်။
လိဂ်ဖလားပြိုင်ပွဲမှာ လီဗာပူးက ချန်ပီယံ ၈ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။