Home
မြန်မာသတင်း
တရားမဝင် နွားမှောင်ခိုကုန်သည်များကို ဖမ်းဆီး
DVB
·
January 25, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဆင်ကုန်းကျေးရွာအနီးတွင် တရားမဝင်  မှောင်ခိုနွားကူးသူတွေနဲ့ နွားတွေကို ဒီနေ့ နံနက် ၃ နာရီအချိန်က ဖမ်းဆီးရမိခဲ့ပါတယ်။ နွားမှောင်ခိုကုန်သည်တွေ ဖြတ်သန်းသွားလာမှုသတင်းအရ ကသာမြို့မရဲစခန်းမှ နယ်ထိန်းခေါင်း ဆောင် ချစ်ဝင်းလတ်ဦးဆောင်တဲ့ အဖွဲ့ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၃ နာရီလောက်မှာ ကသာမြို့ အရှေ့ဘက် ၆ မိုင်လောက်အကွာ ဆင်ကုန်းကျေးရွာအနီးမှာ မြန်မာငွေ ၄၅ သိန်းကျော် တန်ဖို့ရှိ တရားမဝင် မှောင်ခိုနွား ၆ ကောင် ဖမ်းဆီးရမိခဲ့ပါတယ်။ တရုတ်ပြည် နယ်စပ်ဒေဒေသသမှာ ကျွဲ၊ နွားတွေ ဈေးကောင်း ရရှိလာတာကြောင့် နွားမှောင်ခို ကုန်သည်တွေ ဝယ်ယူမှု များပြားလာတဲ့အတွက် တောင်သူခိုင်းနွားတွေ ရှားပါးလာပြီလို့ ဒေသခံတို့က ပြောပါတယ်။ ကုန်သည် အများစုဟာ တောင်သူသုံး လုပ်ငန်းခွင်ဝင် နွားတွေကို အဓိကထားပြီး ဈေးကောင်းပေး ဝယ်ယူနေကြတဲ့အတွက် အရင်နှစ်က လုပ်ငန်းခွင်ဝင် ဗမာချော နွားတစ်ရှဉ်းကို ဝယ်ယူဈေးက ၁၀ သိန်းကျပ် ဝန်းကျင်ပေါက်ဈေးရှိရာက ဒီနှစ်မှာတော့ သိန်း ၁၅ ကျပ်ဝန်းကျင်ထိ တန်ဖိုး မြင့်တက်လာတယ်လို့ သိရပါတယ်။ ကသာမြို့နယ် ဆင်ကုန်းကျေးရွာနေသူ မှောင်ခိုနွားများကို မောင်းနှင်လာတဲ့ ကိုသောင်းဝင်းနဲ့ ဆင်ကုန်းကျေးရွာနေထိုင်သူ ကိုမင်းတို့ကို တရားမဝင် ကူးသန်းရောင်းဝယ်မှု (ပ) ၂၀/၂၀၁၆၊ အရေးကြီး ကုန်စည် ဥပဒေ ပုဒ်မ( ၅) အရ တရားစွဲဆို တင်ပို့နိုင်ရေး ဆောင်ရွက်နေတယ်လို့ ကသာမြို့မ ရဲစခန်းမှ သတင်း ရရှိပါတယ်။ သတင်းဓာတ်ပုံ - သီဟဆွေ (ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024