Live
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင်းသို့ လက်နက်ကြီးကျ၊ ကလေး ၂ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
January 25, 2016
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ထဲမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တဲ့အတွက် ကလေး ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညဥ့်သန်ခေါင်အလွန်မှာ မြို့ထဲကို လက်နက်ကြီး ကျည်ကျတဲ့ အတွက် နမ့်ဆန်မြို့လည်ခေါင် မင်္ဂလာရပ်ကွက်ထဲက နေအိမ် ၂ လုံးထိမှန်ပြီး ကလေး ၂ ယောက်ဒဏ်ရာရသွားတယ်လို့  တအာင်းပလောင်အမျိုးသားပါတီမှ ပြည်န ယ်လွှတ်တော်အမတ် ဦးဝင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။ “၂၂ ရက်နေ့ ည ၁၂ နာရီခွဲ ၂၃ ရက်မနက်ပေါ့၊ လက်နက်ကြီး ကျည် ၂ လုံး ၃ လုံး မြို့ထဲကို ကျလာတယ်။ တချို့က အိမ်ရှေ့မှာကျတယ်။ တချို့က ခေါင်မိုးပေါ်ကျတယ်။ အိမ်တအိမ်မှာ ကလေး ၂ ယောက်က သေနတ်ပစ်သံကြားတော့ ကြောက်ပြီး သူတို့အဖေအမေအခန်းထဲကို ပြေးဝင်သွားတယ်။ အဲဒီမှာ လက်နက်ကြီအစတွေ သူတို့ကိုယ်ပေါ် ကျလာတာ၊ ကလေးက တယောက်က ၉ နှစ် တယောက်က ၁၂ နှစ်၊ နှစ်ယောက်လုံး ယောက်ျားလေး၊ အဲဒါ လားရှိုးဆေးရုံကို ပို့လိုက်ပြီး မနေ့က ခွဲစိပ်တယ်လို့ ပြောတယ်။” လက်နက်ကြီးစကြောင့် နေအိမ် ၂ လုံးက ခေါင်မိုးတွေ အပေါက်ကြီးဖြစ်သွားကြောင်း၊ ပစ်ခတ်တဲ့ အချိန်မှာ ညသန်းခေါင်ကျော်ဖြစ်တဲ့အတွက် ဘယ်အဖွဲရဲ့လက်ချက်မှန်းမသိဘူးလို့ သူက ဆက်ပြောပါတယ်။ လက်နက်ကြီးကျတဲ့ နေအိမ်နဲ့ မလှမ်းမကမ်းမှာ နမ့်ဆန်အခြေစိုက် အစိုးရတပ်စခန်း တစ်ခု လည်းရှိနေကြောင်း၊ ခုရက်ပိုင်းအတွင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲမှာ အစိုးရတပ်၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့တို့ကြား ထိတွေ့ ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဦးဝင်းကျော်က ပြောသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024