Home
မြန်မာသတင်း
ကသာမြို့နယ်တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီး
DVB
·
January 24, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာမှာ ကာလတန်ဘိုး သိန်း ၃၀ ကျော်တန်ဘိုးရှိ ဘိန်းဖြူနဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား တွေကို ဇန်နဝါရီ ၂၂ ရက်နေ့က ဖမ်းဆီး ရမိခဲ့ပါတယ်။ ကသာ မူးယစ်တပ်ဖွဲ့စု (၆)က သတင်းအရ ကသာမြို့ ၅ ရပ်ကွက်မှာ အိမ်ရှင် ဦးရဲဝင်း အိမ်ကို ရှာဖွေမှုတွေ ပြုလုပ်ရာ အိမ်ရှင်က ထွက်ပြေးလွတ်မြောက်သွားပြီး ၂ ဦးကို  မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဘိန်းဖြူ  ၁၀ ဂရမ်လောက် ရှိတဲ့ ဆပ်ပြာခွက် ၁ ခွက် ကာလတန်ဖိုး ကျပ် ၁၀ သိန်း၊ ၁၂ ဂရမ်လောက်ပါတဲ့ အပြာရောင် ဆပ်ပြာခွက် ၁ ခွက် ကာလတန်ဖိုး ၁၂ သိန်းနဲ့ ဒဗလျုဝိုင် စာတန်း စိတ်ကြွဆေး အပြား ၄၀၀ နီးပါးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိသူ တရားခံတွေကို  ကသာရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်နေတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။ သတင်းဓာတ်ပုံ - နိုင်စိုးလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024