မန်ယူအသင်း ဆောက်သန်တန်ကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မန်ချက်စတာ ယူနိုက်တက်ကတော့ စနေနေ့က ပွဲစဉ်မှာ ဆောက်သန်တန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ပွဲပြီးကာနီး ၈၇ မိနစ်မှာ ဆောက်သန်တန်က လူစားဝင်လာတဲ့ အော်စတင်က တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပါတယ်။ မန်ယူအသင်း အိမ်ကွင်းမှာ ရှုံးပွဲတွေ့သွားလို့ ပရိတ်သတ်တွေရဲ့ လှောင်ပြောင်းခြင်းကို နည်းပြ ဗန်ဂါးလ် ခံယူခဲ့ရပါတယ်။ ဒီပွဲမှာ ဆောက်သန်တန်အသင်းက မန်ယူကို ခြေရည်တူ လိုက်ကစားနိုင်သလို အပြန်လှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ မန်ယူအသင်း တဖက်နောက်တန်းကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်သလို အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲရှုံးလို့ မန်ယူဟာ ၃၇ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပြီး ဆောက်သမ်တန်က ၃၃ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up