Live
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ဆက်လွှတ်ပေးရန် အမေရိကန်သံရုံး တောင်းဆို
DVB
·
January 23, 2016
ဇန်န၀ါရီ ၂၂ ရက်က မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးလိုက်တာကို ကြိုဆိုပြီး ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေကို ဆက်လက်လွှတ်ပေးဖို့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ လက်ရှိ တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားများကိုလည်း တရားစွဲထားတာကနေ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ခဲ့တာကြောင့်လို့ဆိုပြီး မနေ့က အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၁၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး ဒီထဲ နိုင်ငံရေးအကျဉ်းသား ၅၀ကျော် ပါဝင်ပါတယ်။ အကျဉ်းထောင်များမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၈ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲလ ၄၀၀ ကျော် ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024