Thursday, June 8, 2023
HomeLead Storyမန်ယူကစားသမား အက်ရှ်လေ ယန်း ဒဏ်ရာကြောင့် အနားယူမည်

မန်ယူကစားသမား အက်ရှ်လေ ယန်း ဒဏ်ရာကြောင့် အနားယူမည်

မန်ချက်စတာ ယူနိုက်တက် ကစားသမား အက်ရှ်လေ ယန်းဟာ ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူရတော့မှာ ဖြစ်တယ်လို့ နည်းပြ ဗန်ဂါးက အတည်ပြု ပြောဆိုလိုက်ပါတယ်။

တောင်ပံ ကစားသမား ယန်းဟာ လီဗာပူးကို အနိုင်ရတဲ့ ပြီးခဲတဲ့တပတ်က ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ ယန်းဟာ ဒီနှစ်ရာသီထဲမှာ ညာအစွန်နောက်ခံလူ နေရာမှာ ပါဝင် ကစားနေပြီး ခြေစွမ်းပြ နေတာပါ။

အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီကမှ စာချုပ်သက်တမ်း တိုးထားပြီး မန်ယူမှာ ၂၀၁၈ အထိ ရှိနေမှာပါ။ သူဟာ မန်ယူကို ၂၀၁၁ မှာ အက်စတွန်ဗီလာကနေ ရောက်ရှိလာတာပါ။

မန်ယူရဲ့ညာအစွန် ကစားသမားတွေဖြစ်တဲ့ လုခ် ရှော၊ ရိုဂျိုနဲ့ ဗန်လန်စီယာတို့ ဒဏ်ရာရနေချိန်မှာ အက်ရှ်လေ ယန်းပါ ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြအနေနဲ့ ကစားသမားသစ် ထပ်မံ ၀ယ်ယူအားဖြည့်ရမယ့် အနေအထားမှာ ရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular