လူကုန်ကူး ရာဇ၀တ်ဂိုဏ်းကို ဂျာမနီနိုင်ငံ မြို့များတွင် စီးနင်း (ရုပ်သံ)

ဂျာမနီနဲ့ တူရကီရဲတွေ ညှိနှိုင်းပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို လူကုန်ကူးနေတဲ့ ရာဇဝတ်ဂိုဏ်း ကွန်ရက်တွေကို ဂျာမနီနိုင်ငံက မြို့အတော်များများမှာ စီးနင်းခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့က အတည်ပြု ကြေညာလိုက်ပါတယ်။ ဒီကွန်ရက်ဟာ ဒုက္ခသည် အယောက် ၁၇၀၀ ကျော်ကို ပင်လယ်ပြင်ကို ဖြတ်ဖို့ မသင့်တော်တဲ့ သင်္ဘောတွေ သုံးပြီး ဥရောပကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။ အာရုံမတက်ခင် အချိန်မှာ ဂျာမန်ရဲအရာရှိ အယောက် ၄၉၀ ကျော်က စီးနင်းမှု ၁၇ ခု လုပ်ခဲ့တာပါ။ ဂျာမနီရဲ့ ပြည်နယ် ၆ ခုကနေ သံသယရှိသူ၅ ယောက်ကို ဖမ်းခဲ့တယ်လို့ ပြည်ထောင်စုရဲချုပ်က ပြောပါတယ်။ တူရကီနိုင်ငံ အစ္စတန်ဘူ၊ အန်ကာရာနဲ့ မာစင်မြို့တွေ အပါအဝင် မြို့တွေမှာလည်း အလားတူ စီးနင်းခဲ့ပြီး လူအယောက် ၃၀ ကို ဖမ်းခဲ့တယ်လို့ တူရကီအမျိုးသားရဲချုပ်က ပြောပါတယ်။ ဒါဟာ နိုင်ငံတကာမှာ အုပ်စုဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှု အမျိုးအစားပဲ လူကုန်ကူးသူတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေ သေဆုံးမှုအတွက် တာဝန်ရှိတယ်လို့ ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ခရီးစဉ်တခုကို အမေရိကန်ဒေါ်လာ ၆၀၀၀  ပေးရပြီး လူကုန်ကူးသူတွေကတော့ ဒုက္ခသည်တွေ လွတ်မြောက်ရေး ကူညီနေတာ မဟုတ်ဘဲ ငွေရဖို့သာ လုပ်နေတာလို့ ဂျာမန်ရဲချုပ်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up