ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေသည့် ဒေးဗစ်ဗီလာ

စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာဟာ လာမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ပါဝင် ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ တကယ်လို့ စပိန်နည်းပြ ဒဲဘောစကေးက လက်ရွေးစင်အသင်းအတွက် ခေါ်ဖို့ အလိုရှိရင် ခေါ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ တိုက်စစ်မှူး ဗီလာဟာ အမေရိကန်မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှာ ကစားနေပြီး လာမယ့် ဇွန်လမှာ စတင်မယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားရရေးဟာ အိမ်မက်တခု ဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဗီလာဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၉၇ ပွဲမှာ ၅၉ ဂိုး သွင်းပေးထားပါတယ်။ ဒါ့အပြင် သူဟာ စပိန် အသင်းကို ယူရို ၂၀၀၈ နဲ့ ၂၀၁၀ ကမ္ဘာ့ာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်အောင် အဓိက နေရာကနေ ကူညီနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up