Home
မြန်မာသတင်း
ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်မှုများ စတင်စစ်ဆေး၊ အန်အယ်လ်ဒီ ၅ ဦးပါဝင်
နေဖြိုးဝင်း
·
January 21, 2016
၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ အပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှာ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်တဲ့ အမှုပေါင်း ၁၇၅ မှုရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီအမှုတွေကို ဇန်န၀ါရီ ၂၁ ရက်နေ့ကစပြီး နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ခုံရုံးဖွဲ့ စတင်စစ်ဆေးနေတာဖြစ်ပါတယ်။ ကုန်ကျစရိတ်မတင်တဲ့ ကိုယ်စားလှယ်လောင်းပေါင်းက ၁၇၅ ဦးရှိပြီး ဒီကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်က ၃၂ ဦး၊ စုစုပေါင်း ၂၀၇ ဦးဖြစ်ပေမယ့် အမှုအနေနဲ့ကတော့ ၁၇၅ မှုဖြစ်ပါတယ်။ ကုန်ကျစရိတ် မတင်တဲ့ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ၃၇ ဦးနဲ့ အများဆုံးဖြစ်ပြီး တစည ၁၂ ဦး၊ ကြံ့ခိုင်ရေး ၁၀ ဦးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တသီးပုဂ္ဂလ ၁၃ ဦး၊ ကျားခေါင်းပါတီက ၉ ဦး၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယား) ၆ ဦး၊ ကယား လူမျိုးစုဒီမိုကရေစီပါတီ ၃ ဦး၊ ချင်းအမျိုး သားဒီမိုကရေစီပါတီ ၂ ဦး၊ အမျိုးသားတိုးတက် ရေးပါတီ ၂၄ ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၁၃ ဦး၊ ကရင်ပြည်သူ့ပါတီ ၉ ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဖွံ့ဖြိုးတိုး တက်ရေးပါတီ ၂ ဦး၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ ၃ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီ ၁၀ ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ၈ ဦး၊ ကျားဖြူပါတီက ၄ ဦး၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ ၃ ဦး၊ လားဟူ အမျိုးသားဖွံ့ဖြိုးရေးပါတီ ၅ ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ၃ ဦး၊ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁ ဦး၊ ကချင်ဒီမိုကရက်တစ်ပါတီ ၂ ဦး၊ ကယန်း အမျိုးသားပါတီ ၁ ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၁ ဦး၊ ထားဝယ်တိုင်းရင်းသားများပါတီ ၂ ဦး၊ မွန်အမျိုးသားပါတီ ၂ ဦး၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ၂ ဦး၊ မြန်မာအမျိုးသားကွန်ကရက် ၁ ဦး၊ ဗမာပြည်သူ့ပါတီ ၁ ဦး၊ အမျိုးသားညီညွတ်ရေးကွန်ကရက် ၁ ဦး၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ ၂ ဦး၊ ခေတ်သစ်ပြည်သူ့ပါတီ ၁ ဦး၊ ရှမ်းပြည်-ကိုးကန့်ဒီမိုကရက် တစ်ပါတီ ၁ ဦး၊ ကရင်အမျိုးသားပါတီ ၁ ဦး၊ လူ့ဘောင်သစ်ပါတီ ၁ ဦး၊ ရခိုင်မျိုးချစ်ပါတီ ၁ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ၁ ဦး၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံပါတီ ၂ ဦး၊ ကချင်အမျိုးသား ဒီမိုကရေစီကွန်ကရက်ပါတီ ၂ ဦး၊ ပေါင်း ၂၀၇ ဦးဖြစ်ပါတယ်။ ကုန်ကျစရိတ်မတင်တဲ့ အမှုတွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာဖြစ်ပြီး ရုံးချိန်း မလာတဲ့သူတွေကိုတော့ ၅ ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။ ဒီလို ကုန်ကျစရိတ်မတင်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ နာမည်ပျက်စာရင်းသွင်းခံရမှာဖြစ်ပြီး ၅ နှစ်တစ်ကြိမ်ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲသက်တမ်းတစ်ခု အတွင်းပြုလုပ်တဲ့ ရွေးကောက်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024