ရေပုံးဖြင့် ရေခတ်သောက်သည့် ၀င်ရိုးစွန်းဒေသက ၀က်ဝံ (သတင်းဓာတ်ပုံ)

ရုရှားနိုင်ငံ မော်စကိုက တိရစ္ဆာန်ဥယျာဉ်တခုမှာ မြောက်ဝင်ရိုးစွန်းဒေသက ပိုလာဝက်ဝံဖြူ ရေပုံးနဲ့ ရေခတ်သောက်နေတဲ့ ဖြစ်ရပ်ကို အပျော်တမ်း ဓာတ်ပုံဆရာ အိုလာဂါ ဒီမစ်ထရီဗာက မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ ရေဆာနေပုံရတဲ့ ၀က်ဝံက ကြီးမားတဲ့ရေပုံးနဲ့ ဆော့ကစားနေပြီး နောက်ပိုင်းမှာတော့ ရေပုံးကို မြှောက်ကာ ပါလာတဲ့ရေတွေအားလုံး သောက်ချနေတဲ့ပုံကို အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပိုလာဝက်ဝံတွေကို ချစ်သလို တိရစ္ဆာန်ဥယျာဉ်မှာ သူတို့ရဲ့ လှုပ်ရှားမှုကို မှတ်တမ်းအဖြစ် ရိုက်ယူရတာ ၀ါသနာတခုလို ဖြစ်နေတယ်လို့ ဒီမစ်ထရီဗာက ပြောပါတယ်။ ၀က်ဝံဟာ ကစားနေပုံရပြီး ရေပုံးဟာ သူ့အတွက် အရုပ်သစ်တခုလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဓာတ်ပုံ - Caters News Agency  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up