ပါကစ္စတန် တက္ကသိုလ် တာလီဘန် တိုက်ခိုက်မှု အနည်းဆုံး ၁၉ ဦးသေဆုံး (ရုပ်သံ)

ပါကစ္စတန်နိုင်ငံ၊ အနောက်မြောက်ပိုင်းက ချာဆက်ဒါမြို့နယ် တက္ကသိုလ်တခု ဇန်န၀ါရီ ၂၀ ရက် မနက်ပိုင်းက ပါကစ္စတန် တာလီဘန် အကြမ်းဖက်တွေ ၀င်ရောက်တိုက်ခိုက်လို့ လူအနည်းဆုံး ၁၉ ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ အယောက် ၅၀ ကျော်ရှိပြီး သေဆုံးသူဦးရေလည်း တိုးနေပါတယ်။ ဘချခန်တက္ကသိုလ်ကို တာလီဘန် အသေခံသေနတ်သမား ၄ ဦးက မနက်ပိုင်း နှင်းထုကို အကာအကွယ်ယူပြီး ကျောင်းအနောက် အုတ်တံတိုင်းကနေ ကျော်ဝင်ပြီး ၀င်ရောက်ပစ်ခတ်တာလို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။ အခုတော့ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားပြီလို့ ပါကစ္စတန် စစ်တပ်အရာရှိတဦးက ပြောဆိုပေမယ့် တက္ကသိုလ်ဝန်းထဲ လုံခြုံရေး၊ ရှင်းလင်းမှုတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ သေနတ်သမား ၄ ဦးလုံး ပစ်သတ်ခံရပြီး တာလီဘန် အကြမ်းဖက်တပ်ဖွဲ့ကလည်း အသေခံတိုက်ခိုက်သူ ၄ ဦး ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ပက်ခ်ျဝါမြို့ အထက်တန်းကျောင်းတကျောင်းကို အခုလို တာလီဘန် သေနတ်သမားတွေ ၀င်ရောက်ပစ်ခတ်ခဲ့တုန်းက ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်း ၁၃၀ သေဆုံးခဲ့ပါတယ်။ အခု တက္ကသိုလ် တိုက်ခိုက်ခံရမှုဖြစ်ခဲ့တဲ့ ချာဆက်ဒါမြို့ဟာ ပတ်ခ်ျဝါမြို့ကနေ မိုင် ၃၀ လောက် ကွာဝေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up