နှင်းအကြီးအကျယ် ကျ၍ တူရကီလေဆိပ်များတွင် ခရီးစဉ် ကမောက်ကမဖြစ်

ဓာတ်ပုံ - ရိုက်တာ
တူရကီနိုင်ငံမြောက်ပိုင်းမှာ ဇန်န၀ါရီ ၁၈ ရက်နေ့က နှင်းအကြီးအကျယ် ကျဆင်းနေလို့ လေဆိပ်တွေမှာ လေကြောင်းခရီးစဉ်တွေ ကမောက်ကမ ဖြစ်ခဲ့ပါတယ်။ အတာတွတ်ခ်နဲ့ စာဘီဟာ ဂွတ်ချာ လေဆိပ်တွေကို အဝင်အထွက် လေကြောင်းခရီးစဉ် စုစုပေါင်း အကြိမ်ရေ ၅၀၀ နီးပါး ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ဖျက်သိမ်းခဲ့ရတယ်လို့ တူရကီအခြေစိုက် ဒိုဂံသတင်းဌာနက ဆိုပါတယ်။ တားကစ်ရှ် လေကြောင်းလိုင်း တခုတည်းက ခရီးစဉ် ၃၈၇ ကြောင်း ဖျက်သိမ်းခဲ့ရပြီး ပေဂါဆပ် လေကြောင်းလိုင်းက ဆာဘီဟာ ဂွတ်ချာလေဆိပ်က လေကြောင်းခရီးစဉ် ၅၂ ခု ဖျက်သိမ်းခဲ့ရတယ်လို့ ပြောပါတယ်။ အတ္တလပ်စ်နဲ့ အိုနာရှ် လေကြောင်းလိုင်းတွေကတော့ အတာတွတ်ခ်လေဆိပ်က လေကြောင်းခရီးစဉ် ၂၈ ခုကို ဖျက်သိမ်းခဲ့ရတယ်လို့ ဒိုဂံက အစီရင်ခံပါတယ်။ အတာတွတ်ခ်လေဆိပ်မှာ ပုဂ္ဂလိက လေယာဉ်တစီး ပြေးလမ်းကနေ ချော်ကျခဲ့ပြီး နှင်းတွေ ရွှံ့တွေကြားမှာ ပိတ်မိနေခဲ့ပါတယ်။ သေဆုံးဒဏ်ရာရမှုတော့ မရှိပါဘူး။ ဇန်န၀ါရီ ၁၉ ရက် ဒီနေ့မှာ စာသင်ကျောင်းတွေကို ပိတ်ထားရပါတယ်။ အစိုးရကတော့ လမ်းတွေပြန်ပွင့်အောင်လုပ်ဖို့ ကားနဲ့ စက်ကြီး အစီးရေ ၁၁၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေကိုတော့ မသွားမဖြစ် အရေးကြီးမှ ခရီးသွားကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up