ပင်လယ်တွင်း မီးလောင်ကျွမ်းခဲ့သည့် လှေပေါ်မှ ခရီးသည်နှင့် အမှုထမ်းများ ခုန်ချထွက်ပြေး (ရုပ်သံ)

နယူးဇီလန်နိုင်ငံ ကမ်းရိုးတန်းမှာ ဇန်န၀ါရီ ၁၈ ရက်နေ့က ခရီးသည်တင် လှေတစီးဟာ ခုတ်မောင်းနေစဉ် မီးလောင်ကျွမ်းခဲ့လို့ လှေပေါ်ပါ ခရီးသည်တွေနဲ့ ၀န်ထမ်းတွေဟာ ရေထဲကို ခုန်ချထွက်ပြေးခဲ့ရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲဒီ ခရီးသည်တင်လှေပေါ်မှာ ခရီးသည် စုစုပေါင်း ၅၃ ဦးနဲ့ အမှုထမ်း ၇ ဦး ပါဝင်ပြီး နယူးဇီလန် ကမ်းစောင့်တပ်က ရေထဲကလူတွေကို အရေးပေါ် ဆွဲတင်ကယ်ဆယ်နိုင်ဖို့ အကူအညီ ပေးခဲ့ကြတယ်လို့ နယူးဇီလန်အခြေစိုက် တီဗွီ-၃ ရုပ်မြင်သံကြားဌာနမှာ ဖော်ပြပါတယ်။ ခရီးသည်အများအပြားကို အသေးစား ထိခိုက်ဒဏ်ရာတွေနဲ့အတူ ဒေသတွင်း ဆေးရုံတခုကို ပို့ဆောင်ပေးခဲ့ရတာပါ။ အရှည် ၇၅ ပေရှိတဲ့ အဲဒီလှေပေါ်ပါ လူဦးရေစာရင်းကို စစ်ဆေးထားပြီးဖြစ်ကာ လှေကတော့ ရေထဲကို နစ်မြုပ်သွားခဲ့ပြီလို့ တီဗွီ-၃ ရုပ်မြင်သံကြားဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up