ဆုကြေးငွေအများဆုံး အမေရိကန်ထီ ဒေါ်လာ ၅၂၈ သန်းကျော် ပေါက်သည့် ဇနီးမောင်နှံ

Powerball jackpot co-winners Lisa and John Robinson of Munford, Tennessee, their daughter Tiffany Robinson (L) and Tennessee Lottery President and CEO Rebecca Hargrove attend a news conference at the headquarters of the Tennessee Lottery in Nashville, Tennessee January 15, 2016. REUTERS/Harrison McClary
ပြီးခဲ့တဲ့တပတ်က အမေရိကန်နိုင်ငံသမိုင်းမှာ ဆုကြေးငွေအများဆုံး ထီကို ဆွတ်ခူးသွားတဲ့ ထီ ၃ စောင်ထဲက တစောင်ကို ပိုင်ဆိုင်တဲ့ ဇနီးမောင်နှံ ၂ ဦးကတော့ သူတို့ရဲ့ လက်ရှိအလုပ်ကို ဆက်လုပ်သွားမယ်လို့ ပြောဆိုကြပါတယ်။ ဇနီးမောင်နှံ ၂ ဦးလုံး တန်နက်စီပြည်နယ်ကဖြစ်ပြီး ရရှိတဲ့ အမေရိကန်ဒေါ်လာ ၅၂၈ သန်းကျော် ကို ခွဲမထုတ်တော့ပဲ တလုံးတခဲထဲ ထုတ်ယူမယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ John Robinson က ကုန်ပစ္စည်းဖြန့်ဖြူးရေးဌာနတခုမှာ လုပ်ကိုင်ပြီး ဇနီးဖြစ်သူကတော့ အရေပြားကု ဆရာဝန်တဦး ဖြစ်ပါတယ်။ သူတို့တွေ တသက်လုံးလုပ်လာတဲ့ အလုပ်ဖြစ်ပြီး ထီပေါက်ပေမယ့် ဒီအတိုင်းတော့ ထိုင်မနေချင်ဘူးလို့ ခင်ပွန်းဖြစ်သူ ကပြောဆိုပါတယ်။ ထီမဖွင့်ခင် နာရီပိုင်းအလိုမှာ မွန်ဖော့မြို့ ကုန်တိုက်တခုမှာ ဇနီးဖြစ်သူက တိုက်တွန်းလို့ နေသိပ်မကောင်းတဲ့ကြားထဲက ထီလက်မှတ်ကို ၀ယ်ခဲ့တာလို့ပြောဆိုပါတယ်။ အခုလို အထူးဆုကြီးကို ဆွတ်ခူးခဲ့လို့ အရမ်းကို ပျော်ရွှင်ဝမ်းသာရပေမယ့် ဒီငွေထုတ်နဲ့ သူတို့ရဲ့ ရှေ့အနာဂတ်အပေါ် နည်းနည်းတော့ စိုးရိမ်တယ်လို့လည်း ရော်ဘင်ဇန်ကပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up