ထိုင်းဝန်ကြီးချုပ်ပေးသည့် ထီနံပါတ် အရောင်းရဆုံးဖြစ်နေ
DVB
·
January 17, 2016
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချားက ၀န်ကြီးချုပ်တချို့ကို ၀ယ်ပေးလိုက်တဲ့ နံပါတ် ၃၈၃ ဟာ အရောင်းရဆုံး ဖြစ်နေပါတယ်။
ဝန်ကြီးချုပ် နံပါတ်ဟာဆိုရင် ဆိုင်တွေမှာတောင် မရှိတော့ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချားက ၀န်ကြီးချုပ်တချို့ကို ၀ယ်ပေးလိုက်တဲ့ နံပါတ် ၃၈၃ ဟာ အရောင်းရဆုံး ဖြစ်နေပါတယ်။
ဝန်ကြီးချုပ် နံပါတ်ဟာဆိုရင် ဆိုင်တွေမှာတောင် မရှိတော့ဘူးလို့
၃၈၃ ဟာ အရောင်းရဆုံး ဖြစ်နေပါတယ်။
ဝန်ကြီးချုပ် နံပါတ်ဟာဆိုရင် ဆိုင်တွေမှာတောင် မရှိတော့ဘူးလို့ မနေ့က ထိုင်းခေါင်စွပ် (khaosod) သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီအပြင် နံပါတ် ၆၆၊ ၇၇၊ ၂၂၊ ၀၀ ဟာ အရောင်းရဆုံး ဖြစ်ပြီး ဒီတကြိမ်မှာ ဒီနံပါတ်တွေ ဖြစ်လာနိုင်ကြောင်း သတင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကလည်း နံပါတ် ၈၈၊ ၈၉ အပြင် ၅၈နဲ့ ၅၉ တို့ဟာ အရောင်းရဆုံး ဖြစ်ခဲ့ပါတယ်။
နံပါတ် ၈၈ ကို ထိုင်းနိုင်ငံ ဘုရင်ကြီး (၈၈) နှစ်မြောက် မွေးနေ့ နဲ့ တိုက်ဆိုင်တာ ဖြစ်သလို ၅၈ နဲ့ ၅၉ ကိုတော့ ထိုင်း သက္ကရာဇ် နှစ်သစ်ကူး အပြောင်းအလဲ အထိမ်းအမှတ်အနေနဲ့ထိုင်းပြည်သူတွေက ၀ယ်ယူအားပေးကြတာဖြပ်ပါတယ်။
ထိုင်းအစိုးရထီဟာ တစောင်ကို ဘတ်ငွေ ၈၀ ပေးရပြီး ထီတစောင်ပေါက်ပါက ဆုကြေးငွေ အဖြစ် ဘတ်ငွေ သိန်း ၃၀ ရရှိမှာ ဖြစ်ပါတယ်။