ဘာစီလိုနာနှင့် ဘီဘာအိုအသင်း စပိန်ဘုရင့် ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဆုံမည်

ဓာတ်ပုံ - fcbarcelona
ကိုပါဒယ်ရေလို့ ခေါ်တဲ့ စပိန်ဘုရင့် ဖလားဘောလုံးပြိုင်ပွဲအတွက် ကွာတားဖိုင်နယ် ပွဲစဉ်တွေ ထွက်ပေါ်လာရာမှ လက်ရှိ ချန်ပီယံ ဘာစီလိုနာက ဘီဘာအိုအသင်းနဲ့ ဆုံရမှာပါ။ ဘာစီလိုနာနဲ့ ဘီဘာအိုအသင်းတို့ဟာ ပြီးခဲ့တဲ့ ကိုပါဒယ်ရေ ဖလား ဗိုလ်လုပွဲမှာလည်း နှစ်သင်းဆုံး ဆုံဖူးထားပြီး ဘာစီလိုနာက အနိုင်ရ ထားပါတယ်။ မန်ယူ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ရဲ့ ဗယ်လန်စီးယာအသင်းက လပ်စ် ပယ်မတ်စ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ အက်သလက်တီကို မက်ဒရစ်အသင်းက ဆဲလ်တာ ဗစ်ဂို၊ ဆီဗီလာအသင်းက မီရန်ကစ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကိုပါဒယ်ရေ စပိန်ဘုရင့် ဖလားပြိုင်ပွဲမှာ ရီရဲလ်မက်ဒရစ်က ချန်ပီယံ ၃၂ ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ဘာစီလိုနာက ၂၃ ကြိမ်နဲ့ ဒုတိယ အအောင်မြင်ဆုံး အသင်းလည်း ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကို ဇန်န၀ါရီ ၂၁ ရက်နေ့မှာ စတင်သွားမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up